Monday, August 5, 2019

#စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ

#စပျစ်သီးအစေ့၏အစွမ်းထက်ပုံများ

ဝါးစားသင့် တဲ့ စပျစ်သီးအစေ့ ကို ထွေးမထုတ်လိုက်ပါနဲ့

စပျစ်သီးက သူ့ရဲ့ အစွမ်းသတ္တိတွေကို အစေ့ထဲမှာ ထုပ်ပိုးထားတာပါ။ ဒါ့ကြောင့် အစေ့ကို #ဝါးစားပါ။
စပျစ်သီးအစေ့က နဲနဲမာတယ်၊ ဝါးရင်း နဲနဲခါးပြီး စပျစ်သီးစားရင် ပါးစပ်ထဲမှာ အနှောက်အယှက်လိုပဲ၊
ထွေးထုတ်နေရတာလည်း အလုပ်တစ်ခု လိုဖြစ်တယ်။

#ဒါပေမဲ့ အာဟာရတန်ဖိုးတွေ အများကြီး အများကြီးကို အစေ့က သယ်ပိုးထားတာဆိုတာ သင်သိသင့်တယ်။
နိုင်ငံတကာက စပျစ်သီးအစေ့တွေ ချည်းစု Extract လုပ်/ အမှုန့်ပြု/ အဆီထုတ် ပြီး သုတေသနတွေ လုပ်တယ်။ ရောဂါပေါင်းများစွာမှာ အောင်မြင်လို့ ထုတ်လုပ်သူတွေက စပျစ်သီးအစေ့ နဲ့ဖော်တဲ့ ဆေးပြား၊ ဆေးလုံး တွေကို ဈေးကွက်ထဲ ဖြန့်ချီနေတဲ့အချိန် သင်က စပျစ်သီးတစ်လုံး စားရင် အစေ့တွေ လက်ဝါးထဲ ထွေးထွေးထုတ်နေဦးမလား???

*** အရမ်းတန်ဖိုးရှိတဲ့ စပျစ်သီးအစေ့ကို အရသာမရှိဘူး၊ စားလို့မကောင်းဘူး၊ အသုံးမဝင်ဘူး ထင်ပီး ထွေးမထုတ်ပါနဲ့တော့"

စပျစ်သီးအစေ့ နဲ့ ကျန်းမာရေး အကျိုးကျေးဇူး အကြောင်း

စပျစ်သီးအစေ့ထဲမှာ…

#နှလုံး နဲ့ #ဦးနှောက် ကျန်းမာဖို့ အတွက် လိုအပ်တဲ့ *Omega 3 fatty acid တွေပါဝင်ပါတယ်။

#အရေပြား အတွက် ကျေးဇူးပြုတဲ့ *Vitamin A နဲ့ E ပါဝင်ပါတယ်။

အစွမ်းအာနိသင် ကြီးမားလွန်းတဲ့ Flavonoid အမျိုးအစား ဖြစ်တဲ့ *Proanthocyanidin ပါဝင်တဲ့အတွက်

#အရွယ်မတိုင်မီအိုမင်းခြင်း၊ #နှလုံးသွေးလည်ပတ်မှုဆိုင်ရာ ရောဂါများ၊ #အမြင်အာရုံ အားနည်းခြင်း၊ #အရေပြားရောင်ရမ်းခြင်း နဲ့ #အဆစ်ရောင်ခြင်း တွေအပြင်
#ပန်းနာရင်ကြပ် ဝေဒနာ နဲ့ #ဝက်ခြံကင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့အတွက် စပျစ်သီးအစေ့ကို ဓာတ်စာ ထဲမှာ ထည့်သွင်းစားသောက်ကြတယ်။

*Proanthocyanidin ဟာ မှိုကြောင့်ဖြစ်သော ကူးစက်ရောဂါ (Fungal infection) ၉၀% ရဲ့ အဓိက တရားခံဖြစ်တဲ့ Candida ပိုးကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိတယ်။
အထက်က Antioxidant အစွမ်းတွေကို လုပ်ပေးနိုင်တဲ့ *Proanthocyanidin ဟာ Anti-Cancer အစွမ်းကိုလည်း ကြွက်တွေနဲ့ စမ်းသပ်အောင်မြင်ပီးသားပါ။

#ကင်ဆာ ကို ကာကွယ်ပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်မှာ ပျက်စီး/သေဆုံးသွားတဲ့ ဆဲလ် တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ဒါ့အပြင် *Proanthocyanidin ဟာ

ဆံချည်မျှင်သွေးကြော၊ သွေးလွှတ်ကြော နဲ့ သွေးပြန်ကြောတွေကို သန်မာစေတဲ့အတွက် သွေးလည်ပတ်မှုကောင်းမွန်စေပြီး #သွေးကြောထုံးခြင်း၊
အထိုင်ကြာလို့ ဖြစ်တဲ့ #ခြေထောက်ရောင်ခြင်း မှာ သုတေသနအရ အောင်မြင်ထားပါသေးတယ်။

၂၀၀၃ ခုနှစ်က သုတေသနမှာ Fat-metabolising enzyme မှာစမ်းသပ်ပြီး #မကောင်းတဲ့အဆီ (LDL) တွေကိုလျော့ကျစေတယ်လို့တွေ့ရပါတယ်။ ကိုယ်အလေးချိန် လျော့ကျစေရုံမက နှလုံးရောဂါ နဲ့ သွေးတိုး အတွက်ပါ ကောင်းမွန်ပါတယ်။

၂၀၁၀ ခုနှစ် သုတေသန မှာတော့ *Proanthocyanidin ဟာ ဦးနှောက်ရဲ့ noradrenalin နဲ့ dopamin level ကိုမြင့်စေခြင်း နဲ့ Tofranil လို စိတ်ကျခြင်းကို ဆန့်ကျင်တဲ့သတ္တိ ရှိတဲ့အတွက် #စိတ်ဓာတ်ကျခြင်း ဝေဒနာရှင်တွေမှာပါ အသုံးပြုနိုင်ပါတယ်။

ဒီလို အစွမ်းကြီးးမားတဲ့ #Proanthocyanidin ဟာ သုတေသန တွေ့ရှိချက်တွေအရ ဓာတ်တိုးဆန့်ကျင်အစွမ်း (Antioxidant capacity) မှာ Vitamin E ထက် *အဆ ၂၀ ပိုမိုကောင်းမွန်ပြီး Vitamin C ထက် *အဆ ၅၀ ပိုမိုကောင်းမွန်ကြောင်း သိရပါတယ်။

ဒါ့ကြောင့် နိဂုံးချုပ် အကြံပြုလိုတာကတော့

`` စပျစ်သီးစားရင် တစ်လုံးလုံးဝါးစားပါ ´´

ဝါးစားလိုက်တဲ့အတွက် အစေ့ကိုသွားနဲ့ကြိတ်ပြီးသား ဖြစ်သွားပြီး အစေ့ထဲမှာပါတဲ့ အာနိသင်များစွာကို Unlock ဖွင့်ပေး လိုက်သလိုဖြစ်သွားပါတယ်။ နောက်ပြီး အစာမကြေလို့ မစင်နဲ့အတူပြန်ပါလာခြင်း လည်းမရှိတော့ပါဘူး။

လူအနည်းစုမှာသာ Allergic ဖြစ်တတ်ပေမဲ့ စပျစ်သီးအစေ့ဟာ လူအပေါ်မှာ အဆိပ်လုံးဝ မရှိပါဘူး။
ကလေးငယ်တွေ မျိုချမိလို့ သည်း (သီး) တဲ့ အန္တရာယ်လည်းမရှိပါဘူး။ ဒါ့ကြောင့် *သင့်ကလေး ကို အာဟာရတန်ဖိုး များစွာရစေချင်ရင် စပျစ်သီးအစေ့ကို ဝါးစားခြင်းရဲ့ အာနိသင်တွေကို ရှင်းပြပြီး အစေ့ကိုဝါးစားတတ်တဲ့ အကျင့်လုပ်ပေးပါ။

*သင်ကိုယ်တိုင်လည်း သေးသေးမာမာခါးခါးဝါးရခက်တဲ့
စပျစ်သီးအစေ့ကို မစားချင်ဘူးလို့ ဂျီကျမနေတော့ဘဲ အခုချိန်ကစပီး ဝါးစားပါလို့ အကြံပြုပါရစေခင်ဗျား…

#မှတ်ချက်
စပျစ်သီး နဲ့ စပျစ်သီးအစေ့ကို ဘယ်တော့မှ ခွေးမကျွေးမိပါစေနဲ့။ခွေးကို သေစေနိုင်ပါတယ်။

Credit to Hello Dr.Diet

No comments:

Post a Comment