Monday, August 5, 2019

ဘယ်သူတွေ ဘီ ပိုးကာကွယ်ဆေးထိုးသင့်လဲ

ဘယ်သူတွေ ဘီ ပိုးကာကွယ်ဆေးထိုးသင့်လဲ
==========================
          HBV အသည်းရောင်အသားဝါ ဘီပိုးဟာ ပေါ်ပြူလာဖြစ်နေတဲ့ ရောဂါပိုးပါ။
နိုင်ငံခြားသွားမယ် အလုပ်လျှောက်မယ် ရာထူးတိုးမယ်ဆိုရင် သူကမပါမဖြစ်စစ်ဆေးခံကြရပါတယ်။ ဘာလို့ဒီလောက်စစ်ဆေးနေကြတာလဲဆိုတော့ ကူးစက်နိုင်မှု မြင့် မားခြင်း နောက်ဆက်တွဲရောဂါဆိုးကျိုးများ ပြင်းထန်ဆိုးရွားခြင်းကြောင့်မဖြစ်မနေစစ်ဆေးနေကြရပါတယ်။ ကာကွယ်နိုင်ပေမယ့် ခုချိန်အထိ ကုသဖို့ ခက်ခဲနေပါသေးတယ်။ အထူးသဖြင့် ကုသသောဆေးဝါးများ အဆမတန်ဈေးကြီးမှု နှင့် ပျောက်နိုင်ချေရာခိုင်နှုန်း နည်းပါးမှုကြောင့် ခက်ခဲနေရခြင်းဖြစ်သည်။
          ကာကွယ်ဆေးထိုးရင် ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲ? အားရစရာပါပဲ ၉၅- ၁၀၀% အထိ ကာကွယ်ဆေး ပထမ တလုံးစထိုးပြီး ၆ ပတ်မှာ အကာအကွယ်ရနိုင်ပါပြီ။
          ဘယ်လိုလူတွေကိုထိုးသင့်သလဲ? လူတိုင်းလူတိုင်း ထိုးနှံထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးနဲ့ ခန္ဓာကိုယ်အရည်တွေ၊ မူးယစ်အကြောမျှထိုးသူတွေ၊ လိင်ဆက်ဆံမှုတွေ၊ မိခင်မှရင်သွေးတွေ၊ အာဖရိကမှာဆိုလျှင် သာမန်ထိတွေ့မှုကနေတောင်ကူးစက်နိုင်လို့ ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံထားသင့်ပါတယ်။ 
          ကူးစက်နိုင်ချေမြင့်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သွေးရောဂါရှိသူတွေ၊ ကျောက်ကပ်မကောင်းလို့ စက်နဲ့ဆေးနေရတဲ့သူတွေ၊ မိမိအိမ်ထောင်ဖက်မှာ ရောဂါပိုးရှိသူတွေ၊ ရောဂါပိုးရှိတဲ့ မိခင်ရဲ့ ရင်သွေးငယ်တွေမှာ ကြိုတင်ကာကွယ်ဆေးထိုးကိုထိုးရပါမယ်။
          ဘယ်လိုထိုးရမှာလဲ? မွေးကင်းစတွေကို မွေးမွေးချင်း ၁ လုံး၊ ၁ လသားမှာ ၁ လုံး၊ ၂ လသား သို့မဟုတ် ၆ လသားတွင်နောက်ဆုံးတလုံး စုစုပေါင်း ၃ လုံး ထိုးနှံရပါမယ်။ မိခင်တွင် ပိုးရှိနေလျှင်ပင် ၉၈% အထိအကာအကွယ်ပေးနိုင် ပါတယ်။
          လူကြီးတွေဆို 1ml ကလေးတွေဆို 0.5ml လက်မောင်းရင်းကြွက်သားမှာထိုးနှံရပါမယ်။ ပထမတလုံးထိုးပြီး ၁လ ပြည့်လျှင် ဒုတိယ ၁ လုံး နောက် ၆လ ပြည့်လျှင် တတိယ ၁ လုံးထိုးနှံရပါမယ်။ ကာကွယ်နိုင်စွမ်းမကျသွားစေရန် ၅ နှစ်ပြည့် တိုင်း တလုံးစီ ထပ်မံထိုးနှံမယ်ဆိုလျှင် HBV ရောဂါပိုးအန္တရာယ်ကိုကောင်းစွာ ကာကွယ်နိုင်ပြီ ဖြစ်ပါကြောင်း..........
Credit

No comments:

Post a Comment