Sunday, July 21, 2019

ကြောင်လျှာတစ်ပင်လုံးဆေးအသုံး

ကြောင်လျှာတစ်ပင်လုံးဆေးအသုံး



***t***h***u****r****a***
(Indian Trumpet Flower , Raw Material , Oroxylum indicun Vent , Bignoniaceae)

အစားအစာနှင့်အဟာရ
=t==h==u==r==a=
အစားအစာနှင့်အဟာရစကားရပ်တူသလိုနှင့်ကွဲပြားမှုရှိ လေသည်။အစာ(food)သက်ရှိသတ္တ၀ါများ အသက်ရှင် ရေး ပုံမှန်မှဲဝဲစားသုံးရသည့်မည်သည့်ပစ္စည်း  (အရာဝတ္တု)ကိုမဆိုခေါ်ဆိုသည်။
အဟာရ(Nutriment)သက်ရှိသတ္တ၀ါများအသက် ရှင်စေရေးသာမကတော့ ခွန်အားနှင့် သွေးသားတို့ ဖွံ့ထွားရန်နှင့် အသက်ရှည်စွာ အနာကင်းစင်ရေး အတွက်ပါ အကျိုးပြုသောအရာဖြစ်သည်။
အမှန်မှာ ရောဂါကို ဆေးဝါးဖြင့်ကုသခြင်းထက် အဟာရကိုပြုပြင်ပေးခြင်းသည်ပိုကောင်း၏။
ထိုကြောင့်လည်းမြန်မာနိုင်ငံတွင် ဓာတ်စာဆိုသော စကားရှိခဲ့ခြင်းဖြစ်သည်။အာယုဗ္ဗေဒဆေးပညာတွင် အဟာရစားသုံးမှုကို သီးခြားပညာရပ်တစ်ခုအဖြစ် ပြဆိုထားသည်ကိုတွေ့ရသည်။

ကြောင်ရှာသီး
========
ရုက္ခဗေဒအမည်မှာ OR0XYLUM INDICUM VENTဖြစ်သည်။ကြောင်ရှာသုံးမျိုးရှိသည်ဟုရှင်နာဂသိန်းကျမ်းတွင်ဖေါ်ပြထားသည်။ ကြောင် ရှာကြီး၊ ကြောင်ရှာလက်တိုနှင့်          ကြောင်ရှာဆူးပေါက်တို့ဖြစ်သည်။
ကြောင်ရှာလက်တိုမှာ အသီးတို၍ထောင်ပြီးသီးသည်။
မြန်မာလူမျိုးတို့ အစားအစာအဖြစ်အသုံးပြုကြသည်မှာ ကြောင်ရှာသီး၊ကြောင်ရှာရွက်နှင့်ကြောင်ရှာပွင့်တို့ဖြစ် သည်။ထိုသုံးမျိုးစလုံးမှာအစာလည်းဖြစ်သည့် ဆေးဖက်ဝင်အဟာရများဖြစ်လေသည်။
အရွက်သည်ပူ၊ခါး၊စပ်လေသည်။ကြောင်ရှာရွက်နုများကိုသုပ်စားခြင်းဖြင့် နားလေးခြင်းကိုပျောက်ကင်းသည်။ ကြောင်ရှာသီးသည် ချို၊ဖန်၊ခါးအေး၏။ပြုတ်တို့၊ ပြုတ်သုပ်စား၊အချဉ်တည်၊ကြော်စား၊မီးဖုတ်တို့၊အစိမ်းသုပ်၍ အမျိုးမျိုးစားကြသည်။ကြောင်ရှာသီးအား သိပ္ပံနည်းကျဓာတ်ခွဲကြည့်လျှင်-

ကြောင်ရှာသီး(၁၀၀)ဂရမ်တွင်
===t==h==u==r==a===
ကယ်လိုရီခွန်အားယူနစ် ၄၈ယူနစ်
ရေငွေ့ဓါတ်  ၇၇.၉ဂရမ်
ကစီဓာတ် ၁၀.၉၇ဂရမ်
အသားဓာတ် ၉.၉ရဂရမ်
သတ္တုဓာတ် ၀.၉၆ဂရမ်
ထုံးဓာတ်၎.၅၁ဂရမ်
သံဓာတ်၁.၁၃၅ဂရမ်
ဗီတာမင်(ဘီ၁)၁.၀၁ဂရမ်
ဗီတာမင်(ဘီ၂)၀.၁၄၁ဂရမ်
စသ်ညတို့ကို ပေးစွမ်းနိုင်သည်။
ကြောင်ရှာသီးနှင့်စပါးကြီးမြွေသားရောစပ်၍မစားရပါ။
ကြောင်ရှာသီးဓာတ်စာအသီးကိုပြုတ်၊ ဖုတ်စားပါက
စားပါက လည်ချောင်းတွင် အပူဖုပေါက်ခြင်း ပျောက် သည်။

ကြက်သားနှင့်ချက်စားပါက!………   
        ပန်းနာရောဂါပျောက်ကင်းသည်။

ငါးရံနှင့်ချက်စားပါက………
             ကာလ၀မ်းရောဂါပျောက်သည်။အားကို ဖြစ်စေပြီး အစာမကျေရောဂါ၊ ၀မ်းပျက်ရော ဂါကိုပျောက်ကင်း သည်။

ပုဇွန်ဖြင့်ချက်စားပါက………
             နှလုံးတုန်၊ရင်တုန်ရောဂါကိုပျောက်ကင်းသည်။

ငါးသလောက်ဖြင့်ချက်စားပါက………
            အဖေါကိုကျ၍ လူကိုဝဖြိုးစေပြီး နှလုံးအားနည်းခြင်းကို ပျောက်စေ သည်။

ငါးမြွေထိုးဖြင့်ချက်စားပါက………
           ဒူလာသွေးဝမ်း၊မီးယပ်သွေးဝမ်းနှင့် လိပ်ခေါင်းရောဂါကို ပျောက်ကင်းစေသည်။


 မြွေ အဆိပ်အမျိုးမျိုး နှင့် ရောဂါ (၁၈) ပါး ကို ပျောက်ကင်းနိုင်သော ကြောင်လျှာသီး ကြောင်လျှာရွက် ကြောင်လျှာပင်
🍃🍃t🍃🍃🍃h🍃🍃🍃u🍃🍃🍃r🍃🍃🍃a🍃

ဥုံ … မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည် ထွန်းကားပါစေသော် …

ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက်

(က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ ။

(ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး နံနက် ည သောက်သော် အစာမကြေရောဂါ ပျောက်၏ ။

(ဂ) ကြောင်လျှာခေါက် ကို ရေစိမ်၍ ၎င်းရေနှင့် ပလုတ်ကျင်း ပေးသော် ခံတွင်း ခြောက် ကွဲနာ ပျောက်၏ ။

(ဃ) သားဖွားပြီး နာကျင်ကိုက်ခဲသည့်ရောဂါ ၊ ခေါင်းတစ်ခြမ်း ကိုက်ရောဂါများအတွက်လည်း ကြောင်လျှာခေါက်ကို သုံးနိုင်သေးသည်။

(င) အမြစ်ခေါက်ကို အဆစ်အမျက်ရောဂါဖျားရောဂါ ၊ ၀မ်းဖော ၊ ၀မ်းရောင် ၊ ၀မ်းကိုက်ရောဂါများအတွက် အသုံးပြု၏ ။

(စ) ကြောင်လျှာရွက် ညှစ်ရေကို သောက်သော် ဘိန်းဆိပ်သင့် ခြင်း ပျောက်၏ ။

(ဆ) ကြောင်လျှာရွက်ပြုတ်တို့စားက ၀မ်းမီးကောင်း၏။ နားအူ နားကိုက်ကောင်း၏။

(ဇ) ကြောင်လျှာ အသီးကို ပြုတ်၍ လည်းကောင်း ၊ ဖုတ်၍ လည်းကောင်းစားခြင်းဖြင့် အစာမကြေရောဂါ ၊ လည်ပင်းကြီးရောဂါ ၊ သရိုက်ရောဂါ ပျောက်၏။ သုပ်စားခြင်းဖြင့် လည်ချောင်းတွင်း အပူဖုပေါက်သောရောဂါ ပျောက်သည်။

(ဈ) ကြောင်လျှာသီး နှင့် ကြက်သား ရော ချက်စားပါက ပန်းနာရင်ကြပ်ရောဂါ ပျောက်၏ ။

(ည) ကြောင်လျှာသီး နှင့် ငါးရံ့ဖြင့်ချက်စားပါက ကာလ၀မ်းရောဂါပျောက်၏ ။ အားကို ဖြစ်စေပြီး အစာမကြေရောဂါ ၀မ်းပျက်ရောဂါပျောက်၏။

(ဋ) ကြောင်လျှာသီး နှင့် ပုစွန် ချက်စားက နှလုံးလေရိုက်ရောဂါ ၊ နှလုံးတုန် ၊ ရင်တုန်ရောဂါ ပျောက်၏။

(ဌ) ကြောင်လျှာသီး နှင့် ငါးသလောက် ချက်စားက အဖောရောဂါကို ကျစေ၍ လူကို ၀ဖြိုးစေပြီး နှလုံးအားနည်းခြင်း ကို ပျောက်စေသည်။

(ဍ) ကြောင်လျှာသီး နှင့် ငါးမြွေထိုး ချက်စားက ဒူလာသွေးဝမ်း မီးယပ်သွေးဝမ်း နှင့် မြင်းသရိုက် ရောဂါတို့ကို ပျောက်ကင်းစေ၏။

(ဎ) ကြောင်လျှာ အမြစ်ကိုသွေး၍ လိမ်းပေးခြင်းဖြင့် အနာဝင် မန်းလိုက်ခြင်း ပျောက်ကင်းသည်။

(ဏ) ကြောင်လျှာသီးကို (၇) ရက် နှစ်ခါ စားသော် သုတ်ခွန်အား တိုးပွားစေ၏၊ ဒေါသသုံးပါးကို ငြိမ်းစေ၏။

(တ) ကြောင်လျှာ အခေါက်အမြစ် တို့ကို သွေးလိမ်းသော် လေဖြတ်လေငန်း တခြမ်းသေ၊ တပိုင်းသေ၊ သွေးမလျှောက် လေမလျှောက်၊ ထုံနာကျင်နာ၊ ချိနဲ့သောသူများ သက်သာပျောက်ကင်း၏။

(ထ) ကြောင်လျှာခေါက် ၆ ရွေးသား၊ ချင်းခြောက် ၆ ဆရွးသား၊ ထန်းလျက် ၁၂ ရွေးသားတို့ကိုရော၍ အလုံး သုံးလုံးရအောင် လုံး၍ နံနက် နေ့ ည ဒသမှုပြုတ်ရည်နှင့် သောက်သော် သားဖွားမီးယပ်ရောဂါဖြစ်သည့် အမျိုး သမီးများသားဖွားပြီးနောက် ၄-၅-၆ ရက်တိုင်အောင် ကြောက်မက်ဖွယ်ကောင်းသည့် ကိုက်ခဲနာကျင်ခြင်းတို့ကို အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသည်။

(ဒ) ကြောင်လျှာခေါက်ကို အမှုန့်ပြု၍ ချင်း (ဂျင်း)သတ္ထုရည်နှင့်လည်းကောင်း၊ ပျားရည်နှင့် လည်းကောင်း၊ ရောစပ်၍ လျက်စားသော် ပန်းနာချောင်းဆိုးရောဂါသည် ပျောက်ကင်း၏။

(ဓ) ကြောင်လျှာခေါက်ရေနှင့် စပ်၍ နွားနို့၊ ပဲစင်းငုံရွက် သတ္ထုရည်ရောပြီး ရှူပေးခဲ့သော် ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်ကင်း၏

(န) ကြောင်လျှာ အခေါက်မှုန့်ကို ရေနွေးတွင် နှစ်နာရီကြာမျှ စိမ်၍စစ်ပြီးနောက် တစ်ကြိမ်လျှင် ၁ ကျပ်သားမျှ နံနက်ည သောက်ခဲ့သော် ၀မ်းမီးနုံ့ခြင်းကြောင့်ဖြစ်သော အစာမကြေရောဂါ ပျောက်ကင်း၏

(ပ) ကြောင်လျှာရွက် သတ္ထုရည်ကို တိုက်သော်
ဘိန်းဆိပ်သင့်သူများ သက်သာပျောက်ကင်းသည်

(ဖ) ကြောင်လျှာရွက်ကို သို့မဟုတ် ကြောင်လျှာခေါက်ကို ရေနှင့်စိမ်၍ ၎င်းရေကို ပလုတ်ကျင်းပေးခဲ့သော် ခံတွင်းခြောက်ကွဲနာ ပျောက်ကင်း၏။

(ဗ) ကြောင်လျှာပွင့်ကို သုတ်စားခြင်း၊ ရေနွေးဖျြော်ပီး တို့ပြုတ်စားခြင်း ဖြင့် နှုတ်မမြိန်နာ အတွက် ပျောက်ကင်း ၏

credit - ရဲမျိုးသူ(ဗောဓိမြိုင်)/ ရွှေရင်ကျော် စေပိုင်ပညာရှင် ဆရာဖြိုးပိုင် (၀ူခုန်း ဣစ္ဆာသယမဟိဒ္ဓိတန်ခိုးရှင်)
ကျန်းမာရေးအတွက်ဆေးနည်းပေ့ခ်ျမှ ကူးယူဖော်ပြပါသည်။
 credit Photos & Source: Burmese Medical Plant/Duwun/etc…

No comments:

Post a Comment