လက်တွေ့ အသုံးချဆေးနည်းတိုများ
===t===h===u===r===a===
ကြည်လွင်မြင့် (မုဒြာ)
***မေး။ ။မင်္ဂလာပါ ဆရာရှင့်။ သွားတအား ကိုက်နေလို့ပါရှင့်။ အစာအိမ်ရောဂါရှိလို့ အကိုက်အခဲပျောက်ဆေး မသောက်ချင်လို့ပါရှင့်။ ကိုယ်ဝန်က ကိုးလထဲမှာပါ။ အပေါ်သွား အပေါက်ဖြစ်နေတာ ဘာဆေးသောက် ရမလဲရှင့်။
ဖြေ။။ ခရေပွင့်အစိုကြိတ် သွားအခေါင်းပေါက်မှာသိပ်ပါ။ ပုဏ္ဍရိက်ရွက်ပြုတ်ပြီး ငုံပေးပါ။ ကြက်သွန်နီအလယ်က အူတိုင်ထုတ်ယူပြီး သွားပိုးပေါက်တွင် ဖိပြီးကိုက်ထားပါ။ လေးညှင်းဆီနဲ့ ငရုတ်ေ ကာင်းဆီကို ဂွမ်းနဲ့တို့ပြီး သိပ်ပေးရင် ကိုက်တာသက်သာစေပါတယ်။
***မေး။။ဆရာခင်ဗျာ နွေရာသီရောက်တဲ့အခါတိုင်း ချွေးထွက်များလွန်းနေပါတယ်။ အေးတဲ့ရာသီမှာတောင် ချွေးထွက်ပါတယ်။ ခန္ဓာကိုယ်ကပိန်ပါတယ်။ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါ ဆရာ။
ဖြေ။ ။ ရေတစ်ပုံးမှာ ဆားခါးသုံးဇွန်းထည့်ဖျော်ပြီး ချိုးပါ။ချွေးထွက်များရင် အချဉ်အရသာ သံပရာသီး၊ ရှောက်သီးရှောင်စားပါ။ အချဉ်အစပ် နှစ်မျိုးတွဲတဲ့ အရသာကို အထူးသဖြင့် ရှောင်စားပါ။ အဖန် အရသာဆီးဖြူသီး၊ ဖန်ခါးသီး၊ မာလကာသီးများများစားပေးပါ။ ချွေးထွက်သက်သာစေပါတယ်။ ပူအိုက်တဲ့ ရာသီမှာ ညအိပ်ရာဝင် ချိန် ရေချိုးပြီးအိပ်ရင် ချွေးထွက်သက်သာစေပါတယ်။
***မေး။။ ဆရာရှင့် ကျွန်မဘယ်ဘက်ရင်ဘတ်က တစ်ခါတစ်ခါ စူးပြီးအောင့်ပါတယ်။ ဘာဖြစ်တာလဲ ဆရာရှင့်။ဆေးပါညွှန်ပြပေးပါရှင့်။
ဖြေ။။ ဘယ်ဘက်ရင်ဘတ်အောက်မှာ နှလုံးရှိပါတယ်။ နှလုံးနဲ့ ပတ်သက်တာမို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ သမားတော်ပြပါ။ အဆီအအိမ့်နဲ့ အချိုတွေလျှော့စားပါ။ အစာစားပြီးတိုင်း ချင်းကိုေ ထာင်းအရည်ညှစ် ဟင်းစားဇွန်းတစ်ဇွန်းကို ပျားရည်တစ်ဇွန်းစပ်သောက်ပါ။ ကြက်သွန်ဖြူဥတစ်လုံးကို ပျားရည်စိမ်ထားပြီး တစ်နေ့တစ်ဥ စားပေးရင်လည်း နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်နိုင် ပါတယ်။
***မေး။ ။ဆရာရှင့် သမီးအသက် ၃၇ နှစ်ပါ။ နှလုံးအားနည်းလို့ ရွံစရာတွေ့ရင် သူများထက်ပိုပြီးရွံတတ်၊ ပျို့တတ်ပါတယ်။ လူတွေများပြီး ဆူညံသံတွေကြားရင်လည်း ရင်ထဲမှာ တဒုန်းဒုန်းနဲ့ဖြစ်ပြီး တအားလည်း မော ပန်းတတ်ပါတယ်ရှင့်။ သောက်ရမယ့် ဆေးနည်းလေး ညွှန်ကြားပေးပါ ဆရာရှင့်။
ဖြေ။။ နံ့သာနှစ်ပါးလို့ခေါ်တဲ့ နံ့သာဖြူ၊ နံ့သာနီသွေးတဲ့အရည်မှာ ကံ့ကော်ဝတ်ဆံထည့်သောက်ရင် နှလုံးအား နည်းရောဂါ ပျောက်တယ်လို့ ဆေးကျမ်းများက ဆိုပါတယ်။ တိုင်းရင်းဆေးအမှတ်(၁၆) အပူငြိမ်းသွေးဆေး ကိုညအိပ်ရာဝင်ချိန် ပုံမှန်သောက်သုံးပေးရင်လည်း အိပ်ပျော်ပြီး နှလုံးအားနည်းရောဂါ သက်သာစေနိုင်ပါ တယ်။
***မေး။။ ဆရာခင်ဗျာ။ သက်ရင်းကြီးရွက်ကို မွန်းတည့် ၁၂ နာရီလောက်က အတို့အမြှုပ်လုပ်ပြီး စားလိုက်တာ ညထိဗိုက်ထဲရစ်နာနေပါတယ်။ ကျွန်တော်စားတာငါးရွက်၊ ခြောက်ရွက်လောက် ရှိပါတယ်။ ကျွန်တော် စားတာများသွားလို့လား။ ဒါမှမဟုတ် ရေနွေးမဖြောလို့လား။ ဖြေကြားပေးပါဆရာ။ ဝမ်းကတော့ ညနေ နှစ်ခါ၊ သုံးခါသွားပါတယ် ဆရာ။
ဖြေ။။ ရေနွေးမဖြောလို့ ဖြစ်မယ်ထင်တယ်။ ဝမ်းထဲမှာလေပူရှိရင်လည်း ဖြစ်နိုင်တယ်။ ဘယ်အရွက်မဆို မှိုနဲ့ပိုးသေအောင် ဆားရည်နဲ့ခဏစိမ်ထားပြီးဆေးပါ။ ရေနွေးစိမ် ဒါမှမဟုတ် အနည်းင ယ်နွမ်းအောင် ပြုတ်ပြီးမှစားပါ။ သက်ရင်းကြီးက ဝမ်းမှန်လေသက် အဆီကျစေပါတယ်။ အထူးသဖြင့် ဗိုက်ရွှဲတာကျသွားတယ်လို့ လက်တွေ့ကျသူက ပြောပါတယ်။ ဆက်စားကြည့်ပါ။ ရွက်နုကို စားပါ။
***မေး။။မင်္ဂလာပါဆရာ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုတစ်ခုလောက် ညွှန်ပြပေးပါခင်ဗျာ။ ကျွန်တော့်အမေပေါင် တစ်လျှောက်မှာ ရေယုန်လားမသိပေါက်နေလို့ပါ။ ဘာဆေးလိမ်းလို့ ပျောက်မ လဲညွှန်ပေးပါ ဆရာ။ ဘာ ကြောင့်ပေါက်တာလဲဆိုတာပြောကြားပေးပါ ဆရာ။
ဖြေ။။ လေးညှင်းပွင့်သွေးလိမ်းပါ။ ပျောက်ပါတယ်။ ကင်းပုံရွက် အရည်ညှစ်လိမ်းရင်လည်း သက်သာပါတယ်။ ရေယုန်က ပိုးကြောင့်ပါ။ ကူးစက်တတ်ပါတယ်။ နေရောင်ခြည်မထိတဲ့ နေရာမှာပိုပြီး ပွားတတ်ပါတယ်။
***မေး။။ ဆရာခင်ဗျာ ကျွန်တော့်မှာအစာအိမ်ရောဂါ ခံစားနေရပါတယ်။ အစာမာစားရင်၊ ထမင်းစားရင် ရင်ညွန့်မှာအောင့်လာလို့ ဆန်ပြုတ်နဲ့ မြူစွမ်ပဲစားနေရပါတယ်။ စားသင့်တာနဲ့ ရှောင် သင့်တာတွေ လမ်းညွှန်ပေးစေ လိုပါတယ်။ အသီးအနှံတွေ ရောစားလို့ ရပါသလား သိပါရစေခင်ဗျာ။
ဖြေ။ ။ ရက်သတ္တပတ်လောက် ထမင်းမစားဘဲ ဆန်ပြုတ်သောက်ပါ။ ဆန်လက်တစ်ဆုပ်မှာ ပဲရာဇာ (ခေါ်) ပဲနီကလေးလက်တစ်ဆုပ် ရောပြုတ်ပါ။ ကြက်သွန်နီတစ်ဥရောပြုတ်ပြီး သောက်ပါ။ ဖီး ကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ ပျားရည်တစ်ဇွန်းနံနက်၊ ညရေအေးနဲ့ သောက်ပါ။ ချဉ်၊ ဖန်သောအသီးအနှံတွေ မစားရပါ။ ချိုတဲ့အသီးအနှံ အားလုံးစားရပါတယ်။ ကွမ်းနဲ့ ဆေးလိပ်ရှောင်ပါ။ အစာ အိမ်နဲ့မတည့်ပါ။ အစာကို ပူပူနွေးနွေးစား ပါ။ နည်းနည်းနဲ့ အကြိမ်များများ စားနိုင်ပါတယ်။
***မေး။ ။ ဆရာရှင့် နို့စို့ကလေး နှာခေါင်းပိတ်ရင် ဘယ်လိုလုပ်ရမလဲရှင့်။
ဖြေ။။ ခြေဖဝါးဆားပွတ် ရေဖတ်တိုက်ပေးပါ။ ကွမ်းရွက်မီးကင် အရည်ညှစ် အုန်းဆီနဲ့ရော ငယ်ထိပ်လိမ်း ပေးပါ။
***မေး။။ဆရာရှင့် တစ်ခုလောက် မေးချင်လို့ပါ။ သမီးမောင်လေးကအသက် ၂၃ နှစ်ပါ။ မျက်နှာမှာ ဝက်ခြံဖုကြီး တွေထွက်ပြီး ခံတွင်းအနံ့လည်း မကောင်းပါ။ ဝမ်းလည်းချုပ်ပါတယ်ရှင့်။ သူ့အတွက် သင့်လျော်မယ့် ဆေးနည်းလေးပေးပါဆရာ။
ဖြေ။။ ရှားစောင်းလက်ပပ်အနှစ်ကို ပျားရည်နဲ့ဖျော် ဝက်ခြံဖုမှာလိမ်းအုံထားပြီး နာရီဝက်ကြာမှ မျက်နှာသစ်ပါ။ ဝမ်းမှန်အောင် မန်ကျည်းမှည့်ဖျော်ရည်မှာ ဆားခါးတစ်ဇွန်းထည့်ဖျော် ညအိပ်ရာဝင် ပုံမှန်သောက်ပါ။ အသား လျှော့စားပြီး အသီးအနှံများများစားပါ။ ခံတွင်းနံ့ ကောင်းလာပါလိမ့်မယ်။
***မေး။။ ဆရာခင်ဗျာ ကျွန်တော့်လက်မောင်းမှာ ဆိုင်ကယ်လဲရာမှ ပွန်းပြီးအနာကျက်တဲ့အခါ ခရုသင်းလို အဖြူကွက်လေးတွေ ထွက်လာပါတယ်။ တချို့ကလည်းသမင်ဖြူလို့ ပြောပါတယ်။ အနာမကျက်ခင် နနွင်းစားမိလို့ လည်း ပြောပါတယ်။ ပျောက်နိုင်မယ့်ဆေးနည်းလေးတွေရှိရင် ညွှန်ပြပေးပါ ဆရာ။
ဖြေ။ ။ ကြိတ်မှန်ရွက် အရည်ညှစ် လိမ်းပေးပါ။ (တစ်နည်း) အုန်းမှုတ်ခွက်မီးရှို့ ထွက်လာတဲ့အဆီကို လိမ်းပါ။ (တစ်နည်း) စန္ဒကူးနီ (ဒန္တကူးနီ) အခေါက်သွေးလိမ်းပါ။ ဖွားဖက်တော်ပင် အခေါက်ေ သွးလိမ်းပါ။ (သမင်ဖြူ ရက် အကုခက်၊ ဖွားဖက် ဒန္တကူးနီ) စိတ်ရှည်ရှည်ကုပါ။ နှစ်ချီလိမ်းရပါတယ်။
***မေး။ ။ ဆရာရှင့် ကျွန်မသမီးအသက်က ၁၆ နှစ်ပါ။ သူငယ်ငယ်ကတည်းက အချဉ်၊ အစပ် မပါရင် ထမင်းမစားနိုင်ပါဘူး။ အခု အစပ်စားလွန်းပြီးတော့ ဗိုက်အောင့်အောင့်နေပါတယ်။ အချဉ်၊ အစပ်မပါရင်လည်း ထမင်းသိပ်မစားနိုင်လို့ ဘယ်လိုလုပ်ရမလဲရှင့်။ ပြောပြပေးပါဦးရှင့်။
ဖြေ။။ ထမင်းစားပြီးတိုင်း ထန်းလျက်ခဲတစ်ခဲ။ ဖီးကြမ်းငှက်ပျောသီးမှည့် တစ်လုံးစားပေးပါ။ အချဉ်အစပ်စားပြီးရင် အချိုနဲ့ဖြေရပါတယ်။
***မေး။ ။ ဆရာ ကျွန်တော်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်တာပါ။ ညဆိုင်းအလုပ်လုပ်ပြီး နံနက် ၇ နာရီလောက်မှာ အစာစားသောက်ပြီး အိပ်ရပါတယ်။ အခုအိပ်မရတာငါးရက်လောက်ရှိပါပြီ။ အိပ်ပျော်ပြီး တစ်နာရီလောက် ကြာရင် လက်ပြင်နှစ်ခုကြားကအောင့်လာပြီး နိုးလာပါတယ်။ ညာဘက်လက်ပြင်က ပိုဆိုးပါတယ်။ အိပ်ရေးပျက်တာကြာတော့ မခံစားနိုင်တော့လို့ပါ။ ဆေး နည်းလေးကူညီပေးပါ ဆရာ။
ဖြေ။ ။ အလုပ်ချိန်များပြီး စားချိန်မမှန်ရင် အစာအိမ်ရောင်တတ်ပါတယ်။ အစာအိမ်မှာ လေပူရှိရင် လက်ပြင်မှာ အောင့်တတ်ပါတယ်။ အိပ်ရာဝင်၊ အိပ်ရာထ ပျားရည်တစ်ဇွန်း သောက်ပါ။ အစာအိမ်ေ လပူကျအောင် ဖီးကြမ်းငှက်ပျောသီး မီးဖုတ်စားပါ။ ပူစပ်ချဉ်သော အစားအသောက်၊ ဘီယာ၊ အရက်တွေ ရှောင်ကြဉ်ပါ။ (ထိုင်းနိုင်ငံမှာ ဖီးကြမ်းငှက်ပျောသီးမရရင် သင်္ဘောသီးမှည့်စားပေးပါ။ အစာအိမ်အတွက် ကောင်းပါတယ်။)
***မေး။ ။ ဆရာရှင့် သမီးရာသီလာတဲ့အခါ အလွန်နာကျင်ကိုက်ခဲပါတယ်။ အရင်က စလာတဲ့နေ့ပဲ နာတာပါ။ အခုငါးရက်လုံး တအားနာနေပါတယ်။ ကူညီပေးပါဦးရှင့်။
ဖြေ။ ။ အအေးစာမစားပါနဲ့။ ရာသီပေါ်တဲ့ အချိန်မှာ ရေခဲရေ၊ ရေခဲမုန့်၊ သခွားသီး၊ ခရမ်းသီးစတဲ့ အအေးစာ၊ လေစာတွေစားမိရင် ပိုနာတတ်ပါတယ်။ လေစိမ်းတိုက်ခံရင်၊ ခြေထောက်ရေစိုရင်လည်း သွေးကောင်းကောင်း မဆင်းဘဲနာတတ်ပါတယ်။ ရေနွေး မတ်ခွက်တစ်လုံးမှာ ချင်းပါးပါး ခုနစ်လွှာ၊ ငရုတ်ကောင်းကိုးစေ့၊ ထန်းလျက်ခဲခုနစ်ခဲ၊ ဆားလှော်အနည်းငယ် ထည့်ကျိုပြီး ပူပူလေးသောက်ေ ပးပါ။ သွေးဆင်းပြီး အကိုက်အခဲ ပျောက် သက်သာစေနိုင်ပါတယ်။
***မေး။။ဆရာရှင့် သမီးအမေရဲ့ တင်ပါးမှာ ဆေးထိုးရလွန်းလို့ မာပြီးအခဲဖြစ်နေလို့ ဘယ်လိုလုပ်ပေးရင် ပျောက်နိုင်မလဲသိချင်လို့ပါရှင့်။
ဖြေ။ ။ မုန်ညင်းဆီငါးကျပ်သား၊ ငရုတ်ကောင်းဆီ တစ်ကျပ်သား ရောစပ်ပြီး အကျိတ်အခဲရှိတဲ့နေရာမှာ လိမ်းပါ။ ဆားကိုအဝတ်နဲ့ထုပ်ပြီး ရေနွေးငွေ့ခံ ကြပ်ထုပ်ထိုးပေးပါ။ အကျိတ်ကြေစေနိုင်ပါ တယ်။ (ငရုတ်ကောင်းဆီ ဝယ်မရရင် မုန်ညင်းဆီထဲမှာ ငရုတ်ကောင်းစေ့တစ်ကျပ်သားထည့်ပြီး ဆူအောင်ချက်လိုက်ရင်ရပါတယ်။
***မေး။။ ဆရာ ကျွန်တော့်မှာ ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိပါတယ်။ ကိုက်တော့မယ်ဆိုရင် ဇက်ကြောတွေ တက်ပါတယ်။ ဖြစ်တဲ့အချိန်က ညနေပိုင်းအဖြစ်များပါတယ်။ပျောက်ကင်းနိုင်မယ့် ဆေး နည်းလေးတွေ ညွှန်ပြ ပေးပါ ဆရာ။
ဖြေ။။ ဇက်ကျီးပေါင်း စစ်ဆေးကြည့်ပါ။ ကိုက်တဲ့အချိန် နားထင်နှစ်ဖက်မှာချင်းပါးပါးလှီးကပ်ပေးပါ။ ညနေက လေချိန်ဖြစ်တဲ့အတွက် လေစာတွေရှောင်ကြဉ်ပါ။ ရှောက်ရည်နဲ့ပျားရည် စပ်သောက်ပါ။
***မေး။ ။ဆရာရှင့် နဖူးမှာအဆီကျိတ်လေးတွေ ရှိပါတယ်။ တဖြည်းဖြည်းနဲ့ များလာပါတယ်။ ဘယ်လိုလုပ်ရမလဲရှင့်။
ဖြေ။။ ဖီးကြမ်းငှက်ပျောသီးအခွံနဲ့ ပွတ်တိုက်ပေးပါ။ ရေမချိုးခင်ပွတ်တိုက်ပေးပါ။ လက်ဖက်အသားနဲ့ ဆားခါး ရောနယ်အုံပေးပါ။ နာရီဝက်လောက်ထားပြီး မျက်နှာသစ်ပါ။ ပျားရည်နဲ့ သံပရာရည် လိမ်းပေးပြီးမှ မျက်နှာ သစ်ရင်လည်း သက်သာနိုင်ပါတယ်။
***မေး။။ ဆရာရှင့် သားသားက အသက် တစ်နှစ်ခုနစ်လရှိပါပြီ။ အခုချိန်ထိသွားရည် တအားကျနေလို့ပါ။ ရင် ဘတ်အေးမှာစိုးလို့ အင်္ကျီခဏခဏ လဲပေးနေရပါတယ်။ သွားရည်မကျအောင် ဘယ်လိုလုပ်ပေးရမလဲရှင့်။
ဖြေ။။တိုင်းရင်းဆေးအမှတ်(၄၇)သူငယ်နာ ခုနစ်ပါးဆေးဝါလေးကို ကလေးလျှာမှာတို့ပေးပါ။ တစ်နေ့လေး ကြိမ် တို့ပေးနိုင်ပါတယ်။ရေချိုးပြီး သနပ်ခါးလိမ်းတဲ့အခါတိုင်း သနပ်ခါးခွံ့ပေးရင်လည်း သူငယ်နာသွားရည် ကျ သက်သာနိုင်ပါတယ်။
***မေး။။ ဆရာ ကျွန်တော် ဝမ်းသွားရင် လိပ်ခေါင်းထွက်လို့ပါ။ ကျေးဇူးပြုပြီး ဆေးနည်းလေး ပြောပြပေးပါ ဆရာ။
ဖြေ။။ ပန်းလဲပွင့်ခြောက် (ပရဆေးဆိုင် မေးဝယ်ပါ။) ပြုတ်ရည် နေ့စဉ် မတ်ခွက်နဲ့ တစ်လုံးသောက်ပါ။ ဆားခါးထုပ်ဝယ်၊ ရေအေးနဲ့ ဖျော် အင်တုံအကြီးမှာထည့် ဖင်ထိုင်ပေးရင် လိပ်ခေါင်း ပြန် ဝင်နိုင်ပါတယ်။
photo credit
No comments:
Post a Comment