Monday, July 22, 2019

တစ်ကိုယ်လုံးက အာရုံကြောတွေကို အားကောင်းစေတဲ့ Vitamin B12

တစ်ကိုယ်လုံးက အာရုံကြောတွေကို အားကောင်းစေတဲ့ Vitamin B12
===t====h====u====r====a===

  Vitamin B12 ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အာရုံကြောလုပ်ဆောင်ချက်တွေကောင်းမွန်စေဖို့ ဆဲလ်အသစ်တွေဖြစ်ပေါ်လာစေဖို့ ကူညီထောက်ပံ့ပေးထားတဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ ဒါ့အပြင် ပင်ပန်းမှုကြောင့်ဖြစ်စေတဲ့ သွေးအားနည်းရောဂါခံစားရခြင်းမှကင်းဝေးစေတဲ့ ဗီတာမင်လည်းဖြစ်ပါတယ်။ ရေမှာပျော်ဝင်တဲ့ဗီတာမင်ဖြစ်ပြီး မျိုးရိုးဗီဇသယ်ဆောင်ထားတဲ့ DNA ထုတ်လုပ်ရာမှာလည်း မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်အမျိုးအစားဖြစ်ပါတယ်။

Vitamin B12 ၏ ကောင်းကျိုးများ
****t***h***u***r***a****
          သွေးဖိအားမြင့်တက်ခြင်း၊ လေဖြတ်ခြင်းနဲ့ သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောတွေကိုပါ လျှော့ချပေးနိုင်တဲ့ Vitamin B12 ဟာ Vitamin B6၊ B9 တို့နဲ့ တသားတည်းပူးတွဲဆောင်ရွက်ပါက homocysteine Level ကို ပုံမှန်ဖြစ်အောင်ထိန်းညှိပေးနိုင်ပါတယ်။ Vitamin B1, B2 နဲ့ B12 တို့ဟာ နာကျင်ကိုက်ခဲမှုဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ၎င်းဗီတာမင်သုံးမျိုး ပူးတွဲပါဝင်ပါက ပိုပြီးထိရောက်မှုရှိပါတယ်။

          သက်သာစေနိုင်သော ရောဂါလက္ခဏာများ -

(1)     ဓာတ်မတည့်ခြင်း

(2)     အယ်ဇိုင်းမားစ်ရောဂါ

(3)     ပန်းနာရင်ကျပ်ရောဂါ

(4)     သွေးကြောလေးကျစ်ခြင်း

(5)     အရေပြားနီ၍ရောင်ရမ်းခြင်း

(6)     နှလုံးရောဂါ

(7)     ရေယုန်

(8)     အင်ပျဉ်

(9)     အိပ်မပျော်ခြင်း

(10)    နာတာရှည် နာဗ်ကြောဖွဲ့ရောဂါ

(11)    အရိုးအဆစ်ယိုယွင်းရောင်ရမ်းနာ

(12)    စိတ်ကျခြင်း

Vitamin B12 ချို့တဲ့ခြင်း

          Vitamin B12 ကို တိရစ္ဆာန်ထွက်ပစ္စည်းများမှာသာ အဓိကရရှိနိုင်တာကြောင့် သက်သက်လွတ်စားသူတွေနဲ့ အသားလုံးဝမစားတဲ့ ကလေးငယ်တွေမှာ Vitamin B12 ချို့တဲ့မှုအများဆုံးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသားစားသုံးရခြင်းကို မနှစ်ခြိုက်သူတွေအနေနဲ့ အခြားဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ၊ အားဖြည့်ဆေးတွေနဲ့ ဗီတာမင်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အရက်သောက်သူတွေနဲ့ ဆေးလိပ်သောက်သူတွေမှာလည်း Vitamin B12 ချို့တဲ့လေ့ရှိပါတယ်။

 Vitamin B12 ချို့တဲ့နေခြင်းကို သိရှိနိုင်တဲ့ရောဂါလက္ခဏာများ -

(1)     တုန်လှုပ်ချောက်ချားခြင်း

(2)     အားအင်ချည့်နဲ့ခြင်း

(3)     စိတ်ရှုပ်ထွေးခြင်း

(4)     စိတ်ကျခြင်း

(5)     ထိခိုက်ရှနာလွယ်ကူခြင်း

(6)     ၀မ်းချုပ်ခြင်း

(7)     အရေပြားနီ၍ရောင်ရမ်းခြင်း

(8)     ပင်ပန်းနွမ်းနယ်ခြင်း

(9)     ခံတွင်းပျက်ခြင်း

(10)    ပျို့ခြင်း

(11)    ကြောက်ရွံ့ခြင်း

(12)    မှတ်ဉာဏ်ချို့ယွင်းခြင်း

(13)    မောဟိုက်ခြင်း

(14)    အန်ခြင်း

(15)    အားနည်းခြင်း

          Vitamin B12 ကြောင့် ဆိုးဝါးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သိသာထင်ရှားစေတဲ့ ရောဂါလက္ခဏာများ -

(1)     ၀က်ခြံထွက်ခြင်း

(2)     ၀မ်းလျှောခြင်း

(3)     အင်ပျဉ်များဖြစ်ပေါ်လာခြင်း

(4)     အရေပြားယားယံခြင်း

(5)     သွေးကြောတွင်း သွေးခဲခြင်း

 Vitamin B12 ပြည့်ဝတဲ့ အစားအသောက်များ
*****t*****h*****u*****r*****a*****
          Vitamin B12 ကို တိရစ္ဆာန်ထွက်ပစ္စည်းများမှသာ ပင်ကိုအားဖြင့်တွေ့ရတတ်သော်လည်း ကျောက်ပွင့်နဲ့ ရေညှိ စတဲ့အစားအစာတွေမှာတော့ ပမာဏအနည်းငယ်ပါဝင်ပါတယ်။ မီးအားပြင်းပြင်းနဲ့ချက်ပြုတ်ပါက ဗီတာမင် B12ဓာတ် ဆုံးရှုံးသွားစေနိုင်ပါတယ်။

Vitamin B12 ပြည့်ဝစွာပါဝင်တဲ့ အစားအစာရင်းမြစ်များ -

(1)     ဒိန်ခဲ

(2)     နို့နှင့်နို့ထွက်ပစ္စည်းများ

(3)     ဥအမျိုးမျိုး

(4)     တိရစ္ဆာန်အသည်း

(5)     အသား

(6)     ကမာ

(7)     ပင်လယ်ငါး


တစ်နေ့တာ မှီဝဲသင့်တဲ့ ပမာဏ
***t***h***u***r***a***
          Vitamin B12 ကို အရွယ်ရောက်ပြီး အမျိုးသား၊ အမျိုးသမီးတွေအနေနဲ့ 2.4 mcg ပမာဏနဲ့အညီ နေ့စဉ်မှီဝဲပေးဖို့လိုအပ်ပါတယ်။

Credit Original Writer

No comments:

Post a Comment