Tuesday, July 2, 2019

ZIKA Virus

ZIKA virus
``````````````
      ဇီကာ ဗိုင်းရပ်စ် ဆိုတာ ခုမှပေါ်လာတဲ့ ရောဂါ အသစ် အဆန်း မဟုတ်ပါဘူး။ ၁၉၄၇ လောက်ကတည်းက စတင် တွေ့ရှိ ခဲ့ကြတာပါ။ သိပ်ပြီး ဆိုးဆိုးဝါးဝါးမဖြစ်ကြလို့ထင်တယ် သုတေသန တွေ သိပ်မလုပ်ထားကြဘူး။ ကာကွယ်ဆေး ကုသဆေးမရှိပါဘူး။
      2015 အစောပိုင်းမှာ ဘရာဇီးမှာ စတင်ဖြစ်ပွားပြီး တနိုင်ငံလုံး ပြန့်နှံ့လာပါတယ်။ တခြားအနောက်နိုင်ငံတွေပါ ပျံနှံ့လာပြီး ခုဆိုရင် အရှေ့တောင် အာရှနိုင်ငံအချို့မှာပါ စတင်တွေ့ရှိ နေပါပြီ။

ဘယ်လိုကူးစက်တာလဲ
````````````````````
      လူတယောက်ကနေတယောက် တိုက်ရိုက်မကူးနိုင်ဘူးလို့ယူ ဆကြပါတယ်။ သွေးလွန်တုတ်ကွေးဖြစ်စေတဲ့ ခြင်ကြားကိုက်ခံရတာ က တဆင့်ပဲ ကူးစက်ပျံ့ပွားနိုင်ပါတယ်။

ရောဂါလက္ခဏာက ဘာတွေလဲ
````````````````````````````
      ဇီကာ ပိုးရှိတဲ့ ခြင်ကြား အကိုက်ခံရပြီး ရက်အနည်းငယ် အတွင်း ဖျားတတ်ပါတယ်။ ရောဂါလက္ခဏာကတော့ သာမန် တုတ် ကွေးလိုပါပဲ။ ဖျားမယ် ညောင်းကိုက်မယ် မျက်လုံးစပ်မယ်၊ တခါတရံ ခန္ဓာကိုယ်မှာ အနီပြင်တွေထွက်တတ်ပါတယ်။
      အဖျား ၂ရက်ကနေ တပတ်လောက်ထိကြာတတ်ပါတယ်။

ဘယ်လိုကုသမလဲ
````````````````
      သာမန်အဖျားကျဆေး အကိုက်အခဲပျောက်ဆေး ပေးရုံဖြင့် သက်သာ ပျောက်ကင်းနိုင်ပါတယ်။
      ရေ များများသောက်ရန်လိုအပ်ပါတယ်။

ဘာကြောင့်ဒီလောက်ကြောက်နေကြရတာလဲ
```````````````````````````````````````
      ဇီကာရောဂါကြောင့် အသေအပျောက် မရှိနိုင်ပါဘူး။ ဘရာဇီး မှာ ၂၀၁၅ အစောပိုင်းမှာ စဖြစ်ပြီး ခုအချိန်စစ်တမ်းအရ ပုံမှန်မဟုတ် သောကလေးမွေဖွားနှုန်းဟာ အဆပေါင်း ၁၇၀၀ လောက်မြင့်တက် လာပါတယ်။ အထူးသဖြင့် ဦးခေါင်းသေးသောကလေးငယ်များ မွေး ဖွားလာပါတယ်။ ဦးခေါင်းသေးတော့ ကလေးငယ်ရဲ့ ဦးနှောက်ဖွင့်ဖြိုး မှု ဥာဏ်ရည်ဖွင့်ဖြိုးမှု နိမ့်ကျပြီး အသက်မသေသည့်တိုင် အတက် ရောဂါကိုပါ ဆိုးဆိုးဝါးဝါးဖြစ်ပေါ်စေနိုင်ပါတယ်။
      ဒီလို ခလေးတွေ တနိုင်ငံလုံးမှာ အများကြီးမွေးရင် မိမိတို့ရဲ့ မိသားစု တိုင်းပြည်နဲ့ လူမျိုးအတွက် အခက်အခဲတွေ များစွာဖြစ်ပေါ် စေနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ
```````````````````````
       ဇီကာ ဗိုင်းရပ်စ်က ကာကွယ်ဆေး ကုသဆေးမရှိတဲ့ အတွက် မဖြစ်ပွားအောင် ခြင်ကိုက် မခံအောင် နေထိုင်ခြင်း ဟာ အဓိကကျပါတယ်။ မိမိနေအိမ်ပတ်ဝန်းကျင် ခြင်ခိုအောင်းမှု နည်းပါး အောင် ဆောင်ရွက်ရပါမယ်။ လေဝင်လေထွက်အလင်းရောင် ကောင်းအောင်ပြုလုပ်ရပါမယ်။ မလိုအပ်တဲ့ တံခါးများကို ပိတ်ထားရပါမယ်။ အဝတ်အစားကို လုံခြုံသော အဝတ်အစားများ ရွေးချယ် ဝတ်ဆင်ရပါမယ်။
       ***အရေးကြီးဆုံးကတော့ ဇီကာ ဖြစ်ပွားရာဒေသမှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ရှားခြင်းသည်လည်း အကောင်းဆုံး ကာကွယ်မှုတစ်ခုဖြစ်ပါတယ်။***

No comments:

Post a Comment